ကဗျာ
****
တကယ်နောက်ဆုံး .....
မထူးဆန်းဘူး
သမရိုးကျလေး
သူငယ်ချင်းဘ၀မှလူ့တကာထက်ပိုခဲ့တာ
အပြစ်မရှိဘူး
ဘ၀အတွက်
နှလုံးသားတံခါးတွေ
ပိတ်ထားမိတာ
မရှုံးပါဘူး
ငါတို့တတွေ
သရေပွဲနဲ့
ကျေနပ်လိုက်တာ
နောက်ဆုံးတော့လည်း
ခံစားချက်တွေစတေး
ဆွေးဆွေးလေးနဲ့
နှုတ်ဆက်ခဲ့တယ်
"Goodbye!"
------------နွေဦးမိုး
လေလွင့်လူ .....
မျောလွင့်နေတဲ့အတွေး
ရည်ရွယ်ရာမဲ့နှလုံးသားတစုံ
ဦးတည်ရာမဲ့လျှောက်ရင်း
ဒါဘ၀ခရီးအစ
အသက်မ၀င်လှတဲ့အပြုံး
ဟန်လုပ်သရုပ်ဖော်
တဒင်္ဂပဲမို့
ပြီးတော့လည်းပြီးတာပါပဲ
ဘယ်သွားဘယ်လာ
ဘာမှန်းမသိ
လေလွှင့်နေဆဲ
ဂျစ်ပစီတယောက်ရဲ့
ရင်တွင်းဖြစ်တွေ
ဒဏ်ရာမဲ့ရင်ခွင်နဲ့
မင်း.....နားလည်ပေးပါ
------------နွေဦးမိုး
နိုဝင်ဘာ .....
ငါ့ရဲ့ ရွှေအိပ်မက်ကို
ခြေကျင်းတွေလို ခွဲစိတ် ၀တ်ဆင်ထားတဲ့ မိန်းမ။
မြူခိုး နီညိုတွေကြားမှာ
စံပယ်တွေ ကပိုကရိုနဲ့.....လှလို့။
ငါ..တစ်ပွင့်ပြီး တစ်ပွင့်ပြီး တစ်ပွင့် ပြိုလဲ
နှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေါ့။
------------တာရာမင်းဝေ
ချစ်သူသို့ .....
လွယ်လွယ်ရတဲ့ အချစ်ဟာ
တန်ဖိုးမရှိဘူးတဲ့
ဒါဆို အချစ်ကို
လွယ်ခြင်း၊ ခက်ခြင်း နဲ့
ဆုံးဖြတ်တော့မယ်ပေါ့..
အကြင်နာ
×××××××
ရင်မှာနေကွယ်....
အကြင်နာလေရယ် သာယာစွာတိုး
ရင်မှာအချစ်မိုး
ထာဝစဉ်သာဖြိုး အကြင်နာ အချစ်မိုး
အေးအေးမြမြဆောင်းအမြမှာ
သာယာလှပနှင်းစက်အလှ
ချစ်ကြခင်ကြ တို့ဘ၀မှာ
နေ့ရက်ကုန်ဆုံး တနောင်းတွေပေါက်
နွေအရောက်မှာ ချစ်သူရေ
တို့နစ်ယောက် အတွက်
ဘ၀တမျို်း လှည့်ကာချိုးပြောင်းခဲ့ပြီလားကွာ....
သြော်ဘ၀ရယ်ဆိုး
ငါ့ဘ၀မျိုးမှာ
မင်းရဲ့အပြုံး ငါ့ရင်ထဲမှည
အလွမ်းရယ်ခက်လို့
ပန်းတွေတောင်ခြောက်သွားပြီပေါ့ချစ်သူရယ်.... တပ်ကုန်းသား
နတ်သမီးအတွက်ကဗျာ
မိုင်တွေမိုင်တွေ
ငါတို့ကြားမှာ
မိုင်တွေဝေးကြပေါ့ ခလေးရေ..။
ထိမ်းထိမ်းသိမ်းသိမ်းလေး
ငါ့မှာကြေကွဲနေရ
သိုသိုသိပ်သိပ်လေး
ငါ့မှာနာကျင်နေရ
တို့ တွေ ခြားနားခဲ့ကြတယ်။
အချစ်ဆိုတာလိုက်ရင်ပြေးတယ်
အချစ်ဆိုတာပြေးရင်လိုက်တယ်
ငါ့်ကိုချစ်လို့များ ထွက်ပြေးနေရော့။
လွမ်းနေတာတွေ ချရေးလိုက်ဖို့
ဒီကဗျာကို စတင်ခဲ့တယ်။
မင်းမဖတ်ပေမယ့်
ဒါကို ငါစပ်တယ်။
စောင့်မျှော်ခြင်းတွေသာ
မီးကျွမ်းလု
လည်ပင်းထိဝါးမျိုထားတဲ့အလွမ်းနဲ့
အအိပ်ပျက် ကျွံကျနေတဲ့မျက်တွင်းတစ်စုံနဲ့
ရောက်မလာတဲ့ရထားကို
ရပ်စောင့်မိတဲ့ သူရှုးတစ်ယေက်လို
နာရီတွေကိုအတိုင်းသား ငေးမောကြည့်နေရ။
ဟော့ဒီ့သတင်းခေတ်ကြီးထဲ
ငါတို့ဝေးနေကြတာအံ့သြစရာ။
တို့နှစ်ယောက်ကြားမှာမှ ကမ္ဘာကြီးကလာခြားနား
အရပ်ရှစ်မျက်နှာ
ဆက်သွယ်ရေးကွန်ယက်တွေကြား
အလွမ်းကို ဆိုမြည်တမ်းတလိုက်ဖို့
ဖုန်းနံပါတ်ကလေး တစ်ခုတစ်လေ
ဘာလို့ မရှိခဲ့တာလဲ။ ။
ယုသာ
*သောက်လက်စကော်ဖီခွက်ထဲက ကဗျာ (သို့) ညီလေးဖတ်ဖို့*
(၁)
ရေးလက်စတွေ ခဏ ခေါက်ထားလိုက်တယ်။ သောက်လက်စ ကော်ဖီခွက်ကို ချပြီး ဖတ်လက်စ ကဗျာကိုပဲ ဆက်ဖတ်မိတယ်။ ''ညီလေး ဖတ်ဖို့'' ဆိုပဲ။
ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။
ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။
ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။
ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။
ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။
အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား
ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။
ကဗျာက ဒါပါပဲ။
ဒါပဲဆိုပေမယ့် သောက်လက်စ ကော်ဖီကတော့ အေးခဲသွားတယ်။
စီးကရက်မသောက်တတ်တာပဲ ခပ်ကောင်းကောင်း။
နှုတ်ခမ်းမီးလောင်သွားမှာ စိုးလို့၊
အဖွဲ့အစည်း တစ်ခုက ထုတ်ဝေတဲ့ နှစ်လည်စာစောင်ကို အမှတ်တမဲ့ လှန်လှောရင်း ငြိယှက်သွားစေတဲ့ ကဗျာ။
ကဗျာရေးသူက 'ကိုသစ် (ကေတုမတီဆောင်)' တဲ့၊
ကဗျာရေးသူရဲ့ အမည်ကို မကျက်မိပေမယ့် ရင်ထဲမှာ ၀မ်းစာအတော်များများ ဒါမှမဟုတ် ၀န်ထုပ်ဝန်ပိုးတစ်ခုကို
နှလုံးသားနဲ့ ထမ်းထားတာ သေချာနေပါတယ်။
ညီလေးဖတ်ဖို့ တဲ့။
မရင့်ကျက်သေးတဲ့ လူငယ်တစ်ယောက်ကို ညီလေး လို့ ခေါ်ရင် ခုဖတ်နေမိတဲ့သူလည်း ညီလေး ပေါ့။
(၂)
ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။
ကဗျာရဲ့ အစပိုဒ်က မောင်းနှင်လိုက်တဲ့ အတွေးတွေက ငယ်စဉ်က စာသင်ဇရပ်လေးဆီ ကျောင်းပြန်တက်သွားကြပါတယ်။
ကြိမ်လုံးဝင့်သံတွေ၊ အော်ဟစ် ကြိမ်းမောင်းသံတွေကြားမှာ အားငယ်စိုးရွံစွာ ရုန်းထနေရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေကို ပြန်ထူပေးနေချင်မိပါရဲ့။
စေတနာဆိုတဲ့ ဝေါဟာရကို ကရုဏာဒေါသောတွေနဲ့ မသဲမကွဲ ရောထွေးပစ်တတ်တဲ့ စာသင်ခန်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရတဲ့ ညီလေးဟာ ကဗျာဖတ်သူကိုယ်တိုင်ဖြစ်နေခဲ့ပါရောလား။
ကဗျာရေးသူကိုယ်တိုင်ကရော။
ကြိုးကိုင်ကြမ်းမှ လိမ္မာသတဲ့လား။
မဟုတ်ဘူး မဟုတ်ဘူး။
လွှတ်ချလိုက်၊
လွှတ်ချပစ်လိုက်။
လက်ဆင့်မကမ်းချင်ပါနဲ့တော့။
ကဗျာဆရာနဲ့ အတူ ရောယောင်အော်မိတယ်၊
လူဆိုတာ ဘာသာစကားရှိတယ်။
ဘာသာစကားမရှိတဲ့ ခိုင်းနွားတစ်ကောင်ဆိုရင်တောင် 'ဟိတ်' ဆိုတဲ့ အသံကို ဘာသာပြန်တတ်တာပါပဲ။
''လူသားတစ်ယောက်နဲ့ တစ်ယောက်
နုညံ့ခြင်းပြိုင်ပွဲ မရှိတာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုလှပါတယ် '' ဆိုတဲ့ ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ စကားက ပိုပြီး အမှတ်ရစရာပါ။
မျက်ရည်တွေေ၀၀ါးနေတဲ့ကြားထဲ
အဲဒီ ကြိမ်လုံးတွေနောက်ကို ၀င်ပုန်းကြည့်ချင်ခဲ့ပါတယ်။
လူဆိုတာ ရတနာပဲ တဲ့။
မိဘဆရာတွေကို ထိထိရှရရှ လွမ်းမိသွားပါတယ်။
ပြီးတော့ မပြောဖြစ်ခဲ့ပဲ(ပြောခွင့်လည်း မရခဲ့ပဲ) ရင်ဘတ်ထဲမှာ တငွေ့ငွေ့လောင်ခဲ့တဲ့စကားတွေကိုတော့ နောက်ထပ်မျိုးဆက်တစ်ခုရဲ့ နှလုံးသားထဲ ဆက်လောင်မြိုက်ဖို့ ချန်မထားလိုတော့တာ သေချာသွားပါတယ်။
(၃)
ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။
ကျောင်းမှန်မှန်တက် စာမခက်။ စာမှန်မှန်ကျက် အတန်းတက်။ နံရံပေါ်က တွန်းတွန်းတိုက်တိုက် ကန်ချက်တွေကို အလူးအလဲ ပုတ်ထုတ်ဖို့ ကုန်းထ။ ညီလေးက ကျောပိုးအိပ်ထဲကို စာအုပ်တွေ အပြည့်အသိပ် ထည့်ပြီးချိန်မှာ ညီလေးကိုလည်း စာသင်ခန်းတွေထဲ အပြီးအပိုင် ထိုးထည့်ခံလိုက်ရတော့တာပါပဲ။
ညီလေးကိုယ်တိုင်က စာသင်ခန်းတွေထဲ တိုးဝင်သွားတာလား၊
တစ်စုံတစ်ရာက တွန်းပို့လိုက်တာလား။
ဘာပဲဖြစ်ဖြစ် ဒီနေ့ထိ ညီလေးက စာသင်ခန်းထဲမှာ။
ပြီးတော့ ညီလေးကိုယ်တိုင်ကလည်း သင်ခန်းစာဖြစ်သွားခဲ့သေးရဲ့။
ဟောဒီမှာ
သင်တန်းဆင်းလက်မှတ်တွေ များလားတယ်၊
မတောက်တခေါက် သိတာတွေ များလာတယ်။
မသေချာတာတွေ များလာတယ်။
ပန်းတိုင်တွေ များလာတဲ့အထိ အန္တရာယ်ကြီးထွားစေတဲ့ အဲဒီသင်ရိုးဆန်လွန်းတဲ့ နေ့ရက်တွေထဲမှာ
ညီလေးရေ အမှန်တကယ်ရော ပျော်ပါရဲ့လားကွယ် ။
(၄)
ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။
လူတွေရဲ့ စိတ်နဲ့ စာရိတ္တထက် ဗဟိဒ္ဓကိုပဲ တို့မီးရှို့မီးလုပ်တတ်တဲ့ အကန့်အသတ်တွေကို ဖောက်ထွက်နိုင်ဖို့၊ အဲဒီ သူပြောလူပြောလူ့ကျင့်ဝတ်တွေထဲ ရောယောင်ပြီး လူဖြစ်မရှုံးဖို့ ။
၂၁ ရာစုကို ၂၁ ရာစုအတိုင်းနေတတ်ဖို့တော့ အတိအကျလိုအပ်တယ်။
စိတ်ကိုသာ လှပအောင် ၀တ်ဆင်တတ်ရင် အပေါ်ယံအကြောင်အကျားတွေက ဘယ်လိုမှ သိမ်ငယ်စရာမရှိဘူး။
(၅)
ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။
ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။
အရေးကြီးတယ်၊
အရေးကြီးနေတယ်။
အရေးတကြီး ဖြစ်နေတယ်။
ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကြား လူတွေ စာရိတ္တဆင်းရဲလာကြတယ်။
ကိုယ့်ရိုးသားခွင့်ကို သူတစ်ပါးဆီမှာလက်ဖြန့်တောင်းနေကြရတယ်။
တစ်ယောက်ရဲ့ ရပိုင်ခွင့်ကို တစ်ယောက်က တံခါးပိတ်ပစ်လိုက်ကြတယ်။
ကမ္ဘာတစ်ခြမ်းက စစ်ပွဲတစ်ပွဲဟာ
ကမ္ဘာတစ်ခြမ်းက ငတ်မွတ်ခေါင်းပါမှုဟာ
ကမ္ဘာတစ်ခြမ်းက ငလျင်နဲ့ မုန်တိုင်းတွေဟာ
ကိုယ့်ရဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာလောက် အရေးမကြီးဘူး တဲ့။
တကယ်က အဲဒီလို မဟုတ်ဘူးနော်။
ကမ္ဘာပြုမိုးတွေ ရွာဖို့ ညီလေးရဲ့ လက်တွေကို ဆေးကြောထား၊
ကမ္ဘာပြုပန်းတွေ ပွင့်ဖို့ ညီလေးရဲ့ စိတ်တွေကို ပျိုးထား။
ကမ္ဘာမြေကို သင်ယူဖို့တော့ ညီလေးကိုယ်တိုင်ရဲ့ အရေးပေါ်ကိစ္စ။
ကဗျာဆရာနဲ့အတူ။
ညီလေးနဲ့အတူ ကမ္ဘာမြေရဲ့ စာမျက်နှာတွေကို ဖတ်ကြရမှာပါ။
(၆)
အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား
ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။
ကော်ဖီက အေးစက်သွားပြီမို့ ကဗျာကိုပဲ မော့ချပစ်လိုက်တယ်။ အမည်မသိ
ချစ်သူရဲ့အကြောင်း
ကဗျာထပ်လောင်းပေါင်းထည့်လို့
မီနိုင်မယ်မထင်တော့ပါဘူးချစ်သူရယ်
မင်းလေးရဲ့အပြုံမှာကြွေဆင်းသွားခဲ့ရတဲ့
ငါ့ရဲ့အသည်နှလုံကိုမင်းအတွက်
ထာဝရစတေးပြီးပုံပေးလိုက်ပါတော့မယ်ချင်သူ
မင်းလိုအပ်သလိုသာသုံးပါတော့ကွယ်.......... တပ်ကုန်းသား
ကောင်မလေး
×××××××××
တနေရာဆီဝေးလို့
ရင်မှာအဆွေးလေးနဲ့ဆွေးခဲ့ရတဲ့ ချစ်ရသူ
မင်းလေးတယောက်သာ ငါ့အနားရှိရင
် ငါသောက်နေတဲ့ကော်ဖီခွက်ကိုတောင်
်ငါမမက်မောတော့ပါဘူးချစ်သူရယ်
မင်းမရှိတဲ့ဘ၀ကငါ့အတွက်
်ခါးသီးမှုတွေကိုယူဆောင်လာတဲ့
ကံကြမ္မာဆိုးလို့ပဲမှက်ယူလိုက်ပါတေ့မယ်ချစ်သူကောင်မလေးရယ်....
ချစ်သူ
@@@@
နေရာဘယ်လောက်ပြောင်းပြောင်း
ချစ်သူ့ကတော့မပြောင်လည်းနိုင်တာ
မင်းအသိပါချစ်သူ
ရင်ထဲကလာတဲ့ခံစားချက်တွေနဲ့ရေးဖွဲ့ထားတဲ့ကဗျာ
တပုဒ်ဟာကာရန်မညီစာမမီလို့မင်းခြေထောက်အောက်မှာမြေခလို့ကြွေကျရင်လည်း
အပြုံးမပျက်ပဲ ချစ်နေချင်တာအမှန်ပါချစ်သူရာ ... တပ်ကုန်းသား
စိုးမိုးသူ
××××××
စတင်ကာငြိတွယ်မိခဲ့တဲ့ သံယောဇဉ်
ငါ့ရဲ့ဘ၀မှာ အချစ်ဦးနဲ့အချစ်ဆုံးသူ
ချစ်နေတဲ့ ငါ့ချစ်ခြင်းတွေ
ရှင်သန်နေဥိးမှာပါ..
ငါသေသွားတဲ့အထိပေါ့
ဒါဟာ ဘယ်တော့မှပြောင်းလဲမသွားမဲ့
ငါ့ရဲ့အမှန်တရားပါပဲ
အသိစိတ်မှာအစ နလုံးသားအထိ စိုးမိုးသူ
ထာဝစဉ်သာရင်မှာ"သူ"
မိုးသက်တဲ့နင်း
နင်းခတ်တဲ့လေ
လေခတ်တဲ့နွေဉ်ီးမှာ
အလွမ်းဒဏ်ရာတွေကိုအလူးအလ
ဲ တယောက်တည်းမျိုသိပ်ခံစားရင်း
တိတ်ဆိတ်ကြိတ်ငိုအဆွေးပိုနေရတာတွေကိုတော့
စိုးမိုးသူလေးသိပါစေတော့ကွယ်..... တပ်ကုန်းသား
ဖေဖော်ဝါရီ(13) မှာ နုတ်ဆက်ကာထွက်သွားဆို့တဲ့
ခါးသီးလိုက်တာ ဖေဖော်ဝါရီ တစ်ဆယ့်သုံးရာ.....
ငိုကြွေမိတုန်း ဖေဖော်ဝါရီ တစ်ဆယ့်သုံးရာ
ပူဆွေးမိတုန်းပဲ ဖေဖော်ဝါရီ တစ်ဆယ့်သုံးရာ...
ဖေဖော်ဝါရီ တစ်ဆယ့်လေးမှာ .....
အလွမ်းတွေရစ်ဝိုင်းခြင်းကိုခံနေရတဲ့
velintine day လေးမှာပေါ့
နာကျင်ခါးသီးမှု့နဲ့ အသည်းကွဲမှု့တွေကို ရင်ခွင်ပိုက်
လွမ်းဆွတ် အထီးကျန်မှု့တွေကို ကိုင်စောင်ပြီး
မကျေနပ်မှု့တွေနဲ့ အဖော်မဲ့နေခဲ့တယ်
နုတ်ဆက်ထွက်ခွာ သွားခဲ့တဲ့မင်းကတော့
တခြားရင်ခွင့်မှာ ကြည်နူးနေခဲ့တယ်
လိမ်ပြီးတော့မင်းယူသွားခဲ့တယ် ငါနှမြောတယ် ချစ်သူ
တကယ်ဆိုရင်ငါမင်းကို မလွမ်းဘူးတော့ဘူး
မင်းကိုပေးလိုက်ရတဲ့ငါ့အချစ်တွေကို ငါ့လွမ်းနေတာ
မင်းယူသွားတဲ့အချစ်တွေကို ငါနှမြောတမ်းတနေခဲ့တာ
မင်းနဲ့မထိုက်တော့တဲ့ ငါ့အချစ်တွေကို
ငါသော့ခတ်ပြီးတော့မြေကြီးထဲကို မြုပ်နှံသိမ်းဆည်းထားလိုက်တော့မယ်
သူများချစ်သူတွေပြောနေတဲ့ velintine day ကိုငါမုန်းတယ်
ငါ့မှာ ချစ်သူမရှိတော့တဲ့နောက်ပိုင်း
velintineday ကို ငါ့မုန်းတတ်သွားပြီချစ်သူ
မင်းပဲ velintineeday ကိုချစ်တ်အောင်လုပ်ပေးခဲ့ပြီး
မင်းပဲ velintineday ကိုမုန်းတတ်အောင်သင်ပေးခဲ့ပြန်ပြီနော်ချစ်သူ
မင်းသိမ်းပိုက်အနိုင်ယူသွားခဲ့တဲ့အတွက်ကြောင့်
ငါအချစ်တွေဟာ veltineday လေးမှာပဲ သူများခြေထောက်အောက်
ရောက်သွားပြီး မင်းနဲ့မင်းသူငယ်ချင်းတွေရဲ့
လှောင်ပြောင်ရယ်မောခြင်းကိုခံစားခဲ့ရတယ်ကွာ
ငါပြန်တွေးမိတိုင်း ငါပြန်စဉ်းစားတိုင်း
ငါပြန်သတိရတိုင်း ငါပြန်ပြောမိတိုင်း
ငါကိုယ်ငါလည်း မုန်းမိတုန်းပဲ
velintineday ရာ။။။။။။။။။။။ တပ်ကုန်းသား
လူရယ်လို့ဖြစ်လာရင်
သစ်ပင်တပင်စိုက်ခဲ့ရမယ်။
သားကောင်းတယောက်မွေးခဲ့ရမယ်။
လို့ဆိုပါတယ်
ကျွန်တော်ကတော့သစ်ပင်တပင်စိုက်ပြီးပါပြီ
မိန်းကလေးကောဘယ်လိုရှိပါသလည်း...အမည်မသိ
"ရုန်းရင်းကန်ရင်း"
လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။
အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်
မတော်တဆအချစ်
××××××××××××
မတော်တဆ
×××××××
တဝက်တပြက်နဲ့ ပျက်ကွက်ခဲ့တဲ့
ငါ့အကျင့်ကြောင့်လား...........
တဖက်သတ် စွပ်ဆွဲခဲ့တဲ့
မင်းအကျင့်ကြောင့်လား......
နောက်ဆုံးတော့လည်း....
အပျက်အပျက်နဲ့ နှာခေါင်းသွေးတွေထွက်ခဲ့ရတယ်....
အသက်ထက်ဆုံးပေါင်း မယ်ဆိုတဲ့စကားလေးတောင်..
မင်းမေ့သွားခဲ့တယ်နော်....
လက်တဖက် ဖြုတ်ချထားခဲ့လို့
တစက်တစက် နဲ့ ထွက်ကျသွားခဲ့တဲ့
ငါ့နှလုံးသွေးတွေကိုမင်း မမြင်တွေ့နိုင်ခဲ့ပါဘူး...
တရက်တရက်နဲ့ပြောင်းလဲခဲ့တဲ့
နေ့လေးတွေတောင် နှစ်တော်တော်လေးကြာသွားခဲ့ပြီ....
မက်မက်ခဲ့တယ် မင်းအတွက်အိမ်မက်တွေကိုတောင်
ငါမုန်းလာခဲ့ပြီ ချစ်သူ..........
ခက်ခက်လွန်းတဲ့ကဲ့ကြမ္မာ ကိုလည်း
ငါ့ကြောက်ရွံနေခဲ့ပြီ ချစ်သူ.......
ဆက်ဆက်ပြီးတော့မဲ့နောက် ဘဝဆိုတာကို လည်း
ငါမလိုချင်တော့ပါဘူး ......
ပျက်စီးခဲ့တဲ့ဒီဘဝမှာတင် ငါအရှုံးပေးလိုက် ပါပြီကွာ..... တပ်ကုန်းသား
အလွမ်းချစ်သူ
×××××××××
မင်းကြောင့်
ရင်ထဲကသီချင်းနဲ့
ကြွေဆင်းခဲ့ရတဲ့ အလင်းရယ်
အလွမ်းတွေကိုကဗျာဖွဲ့လို့
သီကာကုံးချင်ပေမယ့်
ချစ်သူရယ်ပျောက် ကိုတယောက်တည်းရှိနေလို့
နေ့ရက်တွေဆွေးအချိန်အခါလေးမှာ
မင်းမရှိတော့ ကို့ဘ၀မှာ နေမင်းကြီးအလင်းပျောက်လို့
ညမှာတောင်လမသာပဲမှောင်မိုက်နေပါပြီကွာ...
ချစ်သူရယ်
တချက်လောက်သာ ငါ့ဘ၀ကို
ပြန်လည့်ကြည့်လိုက်ပါ။
မင်းရဲ့ရှေ့မှာ ဒူးထောက်နေလျှက်ပါကွာ....
အလွမ်းချစ်သူလေးဘ၀ ကို
မခံယူဝံ့ပေမယ့်လည်း
မင်းရက်စက်စွာပေးထားခဲ့တာကြောင့်
ကို့ရဲ့အသည်မြေခလို့ကြွေကျနေရပါပြီကွာ.....တပ်ကုန်းသား
နေကြာပန်းနဲ့ထပ်တူ
××××××××××××××××
နေကြာပန်းလေးတွေဟာ နေမင်းကြီးရှိမှပွင့်လန်းနိုင်သလို
ကိုကလည်းမင်းရှိမှပြည့်စုံနိုင်မယ်
တခြားပန်းတွေလို နေကြာပန်းကမမွှေးပျံသလို
မင်းကလည်းတခြားသူတွေထက် မလှပါပစေ
နေကြာပန်းလို ပြည်သူတွေစားသုံးဖို့ သူ့ဘ၀ကိုအဆုံးခံနိုင်လို
မင်းလေးဟာလည်း ကို့ရဲ့ချစ်ခြင်းတွေပေါ်မှာ မေတ္တာပြန်ပေးစေချင်ပါတယ်ကွာ..တပ်ကုန်းသား
လမင်းချစ်သူ
++++++
ကောင်းကင်မှာသာနေတဲ့လမင်းလိုမျိုး
ကို့ရဲ့ရင်မှာ အစဉ်ထွန်းထောက်နေသူ
ဘ၀ရဲ့အမောကိုဖြေဖြောက်နိုင်တဲ့ ချစ်သူရေ
မင်းရဲ့မျက်နာလေး ဟာလမင်းလေးလိုဝင်းပပြီး တည်ကြည်တဲ့သူရေ
ကို့ဘ၀မှာအလိုချင်ဆုံ ဆုတခုတောင်းပါဆိုရင်မင်းလေးရဲ့မျက်နာလေးကို
တစိမ့်စိမ့်ကြည့်ရင် ဘ၀တသက်တာကုန်ဆုံးသွားချင်တယ်ကွယ်
လမင်းလေးရဲ့ အလင်းရောင် ကိုတမ်းတနေတဲ့ကလေးတယောက်လို
ဖြစ်နေရတဲ့ကို့အဖြစ်ကို မင်းလေးနားလည်နိုင်စွာ
ကို့ရဲ့ရင်ထဲ ၀င်လာဖို့မ၀ံ့မရဲနဲ့ဖိတ်ခေါ်ခြင်မိပါတော့တယ် လမင်းချစ်သူလေးရယ်.....တပ်ကုန်းသား
Subscribe to:
Posts (Atom)
ပို့စ်အသစ်တင်တိုင်းပို့စေချင်ရင်ဒီအောက်မှာကို့လိပ်စာထားခဲ့ပါ။
ဝန်ခံချက်
ဒီဆိုဒ်လေးထဲမှာရှိသမျှအရာတွေကို HTML
နဲ့ပြုလုပ်ထားပါတယ်။ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်းမြန်မာ
HTMLပညာပိုင်းအတွက်အထောင်အကူပြုနိုင်မယ်လို့မျော်လင့်မိ
ပါကြောင်း၊နင့်ကျွန်တော်ကလေ့လာသူအဆင့်ပဲရှိသေးသောကြောင့်
ပညာရှင်များအကူအညီကိုမျော်လင့်လျက်ရှိပါတယ်။
ဆက်သွယ်လိုလျှင်vipfighter2009@gmai.com ပါ။